အိမ်ကွင်းဖွင့်ပွဲတွင် သရေတစ်မှတ် ရယူနိုင်ခဲ့သည့် စစ်ကိုင်းယူနိုက်တက်
MPT Myanmar National League 2018 အမှတ်ပေးဘောလုံးပြိုင်ပွဲ၏ Week-1 ပွဲဦးထွက်ပွဲစဉ်အဖြစ် ဇန်နဝါရီ ၁၁ ရက်(ယနေ့) ညနေက မုံရွာကွင်းတွင် စစ်ကိုင်းယူနိုက်တက်အသင်းနှင့် ရခိုင်ယူနိုက် တက် အသင်းတို့ ယှဉ်ပြိုင် ကစားခဲ့ရာ ဂိုးမရှိသရေကျခဲ့သည်။
စစ်ကိုင်းယူနိုက်တက်အသင်းနှင့် ရခိုင်ယူနိုက်တက်အသင်းတို့သည် ပွဲစတင်သည်နှင့်တစ်ပြိုင်နက် ဂိုးရရှိရန် အပြန်အလှန် ထိုးဖောက် ကစားခဲ့ကြသော်လည်း ပွဲပြီးဆုံးချိန်အထိ တစ်သင်းနှင့်တစ်သင်း ဂိုးမသွင်းနိုင်ခဲ့သည့် အတွက် ဂိုးမရှိ သရေကျခဲ့ခြင်းဖြစ်သည်။ အိမ်ရှင်စစ်ကိုင်းယူနိုက်တက်အသင်း(ယခင်မဟာယူနိုက်တက်)သည် ၂၀၁၈ ခုနှစ်တွင် နေရှင်နယ်လိဂ်-၁ ပြိုင်ပွဲသို့ တန်းတက်လာသည့် အသင်းဖြစ်ပြီး ပွဲဦးထွက် ပွဲစဉ်တွင် ဧည့်သည် ရခိုင်ယူနိုက် တက် အသင်းထံမှ သရေတစ်မှတ် ရယူနိုင်ခဲ့ခြင်းဖြစ်သည်။
ရခိုင်ယူနိုက်တက်အသင်းသည် ပြီးခဲ့သည့် MNL MAX CMENT အမှတ်ပေးပြိုင်ပွဲတွင် အဆင့် ၅ ထိ တက်လှမ်းနိုင်ခဲ့သည့် အသင်းတစ်သင်းဖြစ် သည်။ ရခိုင်ယူနိုက်တက်အသင်းသည် လာမည့် ဇန်နဝါရီ ၂၀ ရက်တွင် ရတနာပုံအသင်းနှင့် အဝေးကွင်း သွား ရောက်ကစားရမည်ဖြစ်ပြီး စစ်ကိုင်းယူနိုက်တက်အသင်းသည်လည်း လာမည့် ဇန်နဝါရီ ၂၁ ရက်တွင် ဟံသာ ၀တီအသင်းနှင့် အဝေးကွင်းသွားရောက်ကစားရမည်ဖြစ်သည်။