Thursday, December 7, 2017

2018 AFC Cup အုပ်စုမဲခွဲ ......

ယနေ့ မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တွင် ကျင်းပပြုလုပ်ခဲ့သော 2018 AFC Cup အုပ်စုမဲခွဲမှုအပြီးတွင် မြန်မာနိုင်ငံကိုယ်စားပြု ရှမ်းယူနိုက်တက်နှင့် ရန်ကုန်ယူနိုက်တက် အသင်းတို့မှာ အုပ်စု (F) နှင့် အုပ်စု (G) တို့တွင် အသီးသီးကျရောက်ခဲ့သည်။ MNL Max Cement 2017 ချန်ပီယံနှင့် ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ၂၀၁၇ ချန်ပီယံ ရှမ်းယူနိုက်တက်အသင်းသည် 2018 AFC Cup ပြိုင်ပွဲတွင် ဖိလစ်ပိုင်ကလပ်၊ စင်ကာပူကလပ် ဟုမ်းယူနိုက်တက်၊ ကမ္ဘောဒီးယား သို့မဟုတ် လာအို ကလပ်အသင်းများနှင့် အုပ်စု (F) တွင် ကျရောက်ခဲ့သည်။
ရှမ်းယူနိုက်တက်အက်ဖ်စီအသင်းမှာ အာရှချန်ပီယံလိဂ် Play-off ပြိုင်ပွဲများ ဦးစွာယှဉ်ပြိုင်ရမည်ဖြစ်ပြီး ခြေစစ်ပွဲ မအောင်မြင်မှ သာလျှင် အေအက်ဖ်စီဖလားပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ရမည်ဖြစ်သည်။ (ခြေစစ်ပွဲအောင်မြင်ပါက ရှမ်းယူနိုက်တက်နေရာတွင် ရတနာပုံ အသင်းဝင်ရောက်ယှဉ်ပြိုင်ခွင့်ရမည်ဖြစ်သည်)
ထို့အတူ MNL Max Cement 2017 အမှတ်ပေးပြိုင်ပွဲတွင် ဒုတိယနေရာရပ်တည်နိုင်ခဲ့သည့် ရန်ကုန်ယူနိုက်တက် အသင်းမှာ အုပ်စု (G)တွင် အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ ဗီယက်နမ်ကလပ်အသင်းများနှင့် အတူ တစ်အုပ်စုတည်းကျရောက်ခဲ့သည်။