ပြီးခဲ့သည့် ဘောလုံးရာသီက ချန်ပီယံဆုဖလားကို ကာကွယ်နိုင်ခဲ့ခြင်း မရှိသည့် ရတနာပုံ အသင်းသည် လာမည့် ၂၀၁၈ ဘောလုံးရာသီ MPT Myanmar National League 2018 ပြိုင်ပွဲ အတွက် ကြိုတင် ပြင်ဆင်မှုများ စတင်ပြုလုပ်လာခဲ့ပြီ ဖြစ်သည်။
လာမည့် ၂၀၁၈ ဘောလုံးရာသီကို ပြည်တွင်းကစားသမားများဖြင့်သာ ဖြတ်သန်းမည်ဟု ဆိုထားခဲ့သည့် ရတနာပုံ အသင်းအနေဖြင့် အရေးပါသည့် ခြေလှမ်းတစ်ရပ် အဖြစ် ညာနောက်ခံလူနှင့် တောင်ပံကစားသမား သက်နိုင်၊ ဘယ်နောက်ခံလူ သိန်းသန်းဝင်းတို့ကို နှစ်နှစ် သက်တမ်းရှိသည့် သက်တမ်းတိုး စာချုပ်များ ချုပ်ဆိုနိုင်ခဲ့ပြီ ဖြစ်သည်။
သိန်းသန်းဝင်းသည် လက်ရှိတွင် မြန်မာ့လက်ရွေးစင် အသင်း၏ အားထားရသည့် ကစားသမားတစ်ဦး ဖြစ်ပြီး အပြောင်းအရွှေ့စျေးကွက် အတွင်းတွင်လည်း ပြိုင်ဘက် အသင်းများ၏ စိတ်ဝင်စားမှုကို ခံနေရသည့် ကစားသမား တစ်ဦးဖြစ်သောကြောင့် ရတနာပုံ အသင်းက ယခုကဲ့သို့ နှစ်နှစ် သက်တမ်းတိုး စာချုပ် ချုပ်ဆိုလိုက်ခြင်း ဖြစ်သည်။ သို့ဖြစ်ရာ သိန်းသန်းဝင်း အနေဖြင့် ရတနာပုံ အသင်းတွင် ၂၀၁၉ ခုနှစ်အထိ ရှိနေတော့မည် ဖြစ်သည်။ ထို့အပြင် ရတနာပုံ အသင်းသည် အသင်း၏ ငယ်မွေးခြံပေါက် ကစားသမား တစ်ဦးဖြစ်သည့် မြန်မာ့လက်ရွေးစင် ကစားသမား သက်နိုင်ကိုလည်း အသင်းတွင် ၂၀၁၉ ခုနှစ်အထိ ရှိနေစေနိုင်မည့် သက်တမ်းတိုး စာချုပ်တစ်ရပ်ကို ချုပ်ဆိုနိုင်ခဲ့သည်။
ထို့အပြင် ရတနာပုံ အသင်းသည် အသင်း၏ အဓိက တိုက်စစ်မှူး အောင်သူကို လက်လွှတ်လိုက်ရ သည့်အတွက် တိုက်စစ်ပိုင်း ပြန်လည် ဖြည့်တင်းမှု အဖြစ် ချင်းယူနိုက်တက် အသင်း၏ တောင်ပံတိုက်စစ် ကစားသမား ဘီဘီကို စာချုပ်ချုပ်ဆို ခေါ်ယူနိုင်ခဲ့သည်။ ဘီဘီမှာ အသက် ၂၂ နှစ်သာ ရှိသေးသည့် လူငယ်ကစားသမား တစ်ဦးဖြစ်ပြီး ပြေးအားတိုးအား ကောင်းကောင်းဖြင့် တောင်ပံတစ်လျှောက် မွှေနှောက် ကစားနိုင်သူ ဖြစ်ကာ ရတနာပုံ အသင်း အနေဖြင့် အဆိုပါ လူငယ်ကစားသမားကို နှစ်နှစ် သက်တမ်းရှိ စာချုပ်တစ်ရပ် ချုပ်ဆို နိုင်ခဲ့ခြင်း ဖြစ်သည်။
ရာသီသစ်အတွက် ရတနာပုံအသင်း စတင်လှုပ်ရှားပြီ ~ ချင်းယူနိုက်တက်မှ ဘီဘီကို ခေါ်ယူခဲ့ပြီး သက်နိုင်နှင့် သိန်းသန်းဝင်းကို စာချုပ်သက်တမ်းတိုး
Related Posts:
MPT Myanmar National League Week 2MPT Myanmar National League 2018 ပွဲစဉ် (၂) အပြီး အမှတ်ပေးဇယား ထိပ်ဆုံးနေရာအား ရတနာပုံနှင့် ရန်ကုန်အသင်းတို့ ဆက်လက် ရယူထားနိုင်ဆဲ တွေ့ရမှာဖြစ်ပြီး ဂျီအက်ဖ်အေ အသင်းကတော့ အဆင့် ၃ နေရာမှာ ရပ်တည်နေတာ တွေ့ရပါတယ်။ ဧရာဝတီယူနိုက်တက်အ… Read More
Yadanarbon F.C vs Ayeyawady United F.C Hightlight … Read More
MPT Myanmar National League 2018 ပြိုင်ပွဲတွင် လအလိုက် အကောင်းဆုံးဆုများ ပေးအပ်သွားမည်ကျင်းပလျှက် ရှိသည့် MPT Myanmar National League 2018 ပြိုင်ပွဲကြီးတွင် တစ်လချင်းအလိုက် အကောင်းဆုံး နည်းပြဆုနှင့် အကောင်းဆုံး ကစားသမား ဆုများကို ပေးအပ်ချီးမြှင့်သွားမည် ဖြစ်သည်။ အဆိုပါ လအလိုက် အကောင်းဆုံး ဆုများကို ၂၀၁၆ ခုနှစ်… Read More
ခြေစွမ်းအသာဖြင့် ဧရာဝတီယူနိုက်တက်အသင်းအား ရတနာပုံအသင်း အနိုင်ယူ MPT Myanmar National League 2018 အမှတ်ပေးဘောလုံးပြိုင်ပွဲ (Week-1) ၏ ပွဲစဉ်တစ်ပွဲအဖြစ် ဇန်နဝါရီ ၁၅ ရက်(ယနေ့) ညနေက မန္တလာသီရိကွင်းတွင် ရတနာပုံအသင်းနှင့်ဧရာဝတီ ယူနိုက်တက် အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ အိမ်ရှင် ရတနာပုံအသင်းက ၅-၂… Read More
Magwe F.C vs Shan United F.C (2-3) Highlight … Read More