Sunday, December 3, 2017

ရခိုင်ယူနိုက်တက် ဂိုးသမား ချမ်းငြိမ်းကျော် အား ရတနာပုံ အသင်းအားဖြည့် ခေါ်ယူ

၂၀၁၈ ရာသီ အကြိုပြင်ဆင် မှုအဖြစ် ရတနာပုံ အသင်းမှာ ရခိုင်ယူနိုက်တက် အသင်းမှ ဂိုးသမား
ချမ်းငြိမ်းကျော် အား ရတနာပုံ အသင်းမှ ထပ်မံခေါ်ယူခဲ့ ပြီဖြစ်သည်။ ချမ်းငြိမ်းကျော်မှာ ရခိုင်ယူနိုက်တက် အသင်းတွင် လက်စွမ်းပြ ကစားနေခြင်း ကြောင့်ပွဲထွက် ကစားခွင့်ရနေသည့် ကစားသမား တစ်ဦးဖြစ်ပြီး ရတနာပုံ အသင်းမှ အားဖြည့်ခေါ်ယူ ခဲ့ခြင်းဖြစ်သည်။
ဂိုးသမား ချမ်းငြိမ်းကျော် က
“ကျွန်တော် ရတနာပုံ အသင်းကြီးမှာ ကစားခွင့် ရပါတော့မယ် ဒါက ကျွန်တော် မျော်လင့်ချက်ပါ စိတ်လူပ်ရှားနေမိတာတော့ အမှန်ပါပဲ အရမ်းဝမ်းသာပါတယ် ကျွန်တော်အကောင်းဆုံးကြိုးစားပါ့မယ် ”

ဟုပြောကြားခဲ့သည်။
အသက် ၂၅နှစ်ရှိ ချမ်းငြိမ်းကျော်မှာ ဧရာဝတီ တိုင်းဒေသကြီး မြန်အောင်မြို့နယ်မှ ထွက်ပေါ်လာသည့် ကစားသမား တစ်ဦးဖြစ်ကာ ဧရာဝတီ ယူနိုက်တက် ၊ ရခိုင် ယူနိုက်တက် အသင်းတို့တွင် ကစားသမား ဘဝအား ဖြတ်သန်းခဲ့သည့် လူငယ် တစ်ဦးဖြစ်ပြီး ယခုအခါ ၎င်း၏ ကစားသမား ဘဝအား ရတနာပုံ အသင်းကြီးတွင် ထပ်မံဖြတ်သန်း တော့မည်ဖြစ်သည်။