Friday, December 8, 2017

ဇွဲကပင်ယူနိုက်တက်အသင်းနှင့် JFL SELECTION TEAM တို့ ခြေစမ်းကစားမည်

မြန်မာနေရှင်နယ်လိဂ် ကလပ်အသင်းတစ်သင်းဖြစ်သည့် ဇွဲကပင် ယူနိုက်တက်အသင်းနှင့် ဂျပန်အသင်းတစ်သင်းဖြစ်သည့် JFL SELECTION TEAM အသင်းတို့သည် လာမည့် ဒီဇင်ဘာ ၉ ရက် ညနေ ၃း၃၀ နာရီ ၊ သုဝဏ္ဏဘောလုံးကွင်းတွင် ချစ်ကြည်ရေးခြေစမ်းပွဲ ကစားမည်ဖြစ်သည်။ ဇွဲကပင်ယူနိုက်တက်အသင်းသည် မကြာခင် ကျင်းပမည့် MPT Myanmar National League 2018 အမှတ်ပေးဘောလုံးပြိုင်ပွဲအတွက် ကြိုတင်ပြင်ဆင် သည့်အနေဖြင့် ဂျပန်၊ JFL အသင်းနှင့် ခြေစမ်းကစားရန် ပြင်ဆင်ခြင်းဖြစ်သည်။ JFL Selection Team သည် ဇွဲကပင်အသင်းနှင့် ခြေစမ်းကစားပြီးပါက လာမည့် ဒီဇင်ဘာ ၁၂ ရက် ညနေ ၃း၃၀ နာရီတွင် ရန်ကုန်ယူနိုက်တက်၏ အိမ်ကွင်း YUSC ၌ မကွေးအသင်းနှင့် ခြေစမ်းကစားမည် ဖြစ်သည်။
ယင်းနောက် ဒီဇင်ဘာ ၁၄ ရက် ညနေ ၃းဝဝ နာရီတွင် ရန်ကုန်ယူနိုက်တက်အသင်းနှင့် YUSC ကွင်း၌ပင် ထပ်မံခြေစမ်းကစားရန် ရှိသည်။ အစောပိုင်းက ဒီဇင်ဘာ ၁၂ ရက်တွင် ရတနာပုံအသင်းနှင့် JFL Selection အသင်းတို့ ခြေစမ်းရန် စီစဉ်ခဲ့သော်လည်း ရတနာပုံအသင်းအနေဖြင့် ခြေစမ်း ကစားရန် အဆင်မပြေသည့် အတွက် မကွေးအသင်းနှင့် ပြောင်းလဲ ခြေစမ်းရန် စီစဉ်ခဲ့ခြင်း ဖြစ်သည်။