Saturday, December 9, 2017

ခြေစမ်းပွဲတွင် ရန်ကုန်နှင့် ဧရာဝတီယူနိုက်တက်တို့ နိုင်ပွဲကိုယ်စီရခဲ့

MPT Myanmar National League 2018 အမှတ်ပေးပြိုင်ပွဲအတွက် ကြိုတင်ပြင်ဆင်သည့် အနေဖြင့် ဒီဇင်ဘာ ၉ ရက်(ယနေ့) နံနက်က ရန်ကုန်ယူနိုက်တက်အသင်းနှင့် ရခိုင်ယူနိုက်တက်၊ ဧရာဝတီယူနိုက်တက်အသင်းနှင့် မဟာယူနိုက်တက်အသင်းတို့ အသီးသီး ခြေစမ်းကစားခဲ့ကြသည်။
YUFC ကွင်းတွင် ကစားခဲ့သည့် ရန်ကုန်ယူနိုက်တက်အသင်းနှင့် ရခိုင်ယူနိုက်တက် အသင်းတို့ပွဲစဉ်တွင် ရန်ကုန်အသင်းက ၃-၂ ဂိုးဖြင့် အနိုင်ရခဲ့သည်။ ရန်ကုန်အသင်း အတွက် အနိုင်ဂိုးများကို ရန်ခ၊ ဆောင်လမန်နှင့် သီယာဂို တို့က သွင်းပေးခဲ့ပြီး ရခိုင်ယူနိုက်တက်အသင်း အတွက် ဂိုးများကို ဘိုဘို(၂) နှင့် ဒေးဗစ်တို့က သွင်းပေးခဲ့သည်။ ဧရာဝတီအသင်း၏ လေ့ကျင့်ရေးကွင်း(မီးဒုံး) တွင် ကစားခဲ့သည့် ဧရာဝတီယူနိုက်တက် အသင်းနှင့် မဟာယူနိုက်တက်အသင်းတို့ ပွဲတွင် ဧရာဝတီအသင်းက ၃-၂ ဂိုးဖြင့် အနိုင်ရခဲ့သည်။