Sunday, January 21, 2018

အသည်းအသန်ကစားပြီး နောက်ကျဂိုးများကြောင့် ဇွဲကပင်ကို ရန်ကုန် အနိုင်ရ

ဒီကနေ့ ဇန်နဝါရီ ၂၀ ရက် ညနေပိုင်းက ရန်ကုန်ယူနိုက်တက် အသင်းရဲ့ အိမ်ကွင်းမှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ ရန်ကုန် ယူနိုက်တက်နဲ့ ဇွဲကပင် ယူနိုက်တက်တို့ရဲ့ MPT Myanmar National League 2018 ဒုတိယပတ် ပွဲစဉ်မှာ ရန်ကုန်ယူနိုက်တက်က ဇွဲကပင် ယူနိုက်တက်ကို အကြိတ်အနယ် ကစားပြီး နောက်ကျ သွင်းဂိုးတွေကြောင့် (၂-၀) ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။
ဒီပွဲမှာ ချန်ပီယံဆု မှန်းနေတဲ့ ရန်ကုန်အနေနဲ့ အမှားအယွင်း များခဲ့ပြီး သိပ်သည်းတဲ့ ဇွဲကပင် ခံစစ်ကြောင်းကို ကျော်ဖြတ်ဖို့ အတော့်ကို အခက်တွေ့ခဲ့ရတာပါ။ ဇွဲကပင်ကတော့ တစ်ပွဲလုံး ခံစစ်ကိုသာ အားပြုပြီး သရေတစ်မှတ် ခွဲယူဖို့ ကြိုးပမ်းခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့ ပွဲပြီးကာနီး မိနစ်တွေမှာ ဂိုးရဖို့ အသည်းအသန် တိုက်စစ်ဆင်လာတဲ့ ရန်ကုန်တိုက်စစ်ကို မထိန်းနိုင်ခဲ့တာကြောင့် အရှုံးရလဒ်နဲ့ ကြုံတွေ့ခဲ့ရတာ ဖြစ်ပါတယ်။
ရန်ကုန်အတွက် အဖိုးတန် အဖွင့်ဂိုးကို တစ်ပွဲလုံး အမှားအယွင်း များနေခဲ့တဲ့ ဆိုင်လာက ပွဲချိန် ၈၇ မိနစ် အရောက်မှာ ဇွဲကပင် ဂိုးဧရိယာထဲ ရှုပ်ထွေးနေတုန်း ကန်သွင်းယူခဲ့တာ ဖြစ်ပါတယ်။ ဒီနောက်မှာတော့ ပွဲက ရန်ကုန်အတွက် အနည်းငယ် လွယ်ကူသွားခဲ့ပြီး နာကျင်အချိန်ပို ၃ မိနစ် အရောက်မှာ ဒုတိယဂိုးကို ကြည်လင်းက သူ့အတွက် ဒဏ်ရာက ပြန်လည် သက်သာလာပြီးနောက် ပထမဆုံးဂိုးအဖြစ် သွင်းယူခဲ့တာ ဖြစ်ပါတယ်။

Related Posts:

  • အိမ်ကွင်းတွင် ဟံသာဝတီယူနိုက်တက်အသင်းကို အနိုင်ယူပြီး အဆင့် ၃ နေရာ တက်လှမ်းလာနိုင်ခဲ့သည့် ရှမ်းယူနိုက်တက်အသင်း ၂၈ ရက်နေ့  ညနေပိုင်းက တောင်ကြီးမြို့၊ ပြည်နယ်အားကစားကွင်း၌ ယှဉ်ပြိုင်ကစားခဲ့သည့် ပွဲစဉ်တွင် အိမ်ရှင် ရှမ်းယူနိုက်တက်အသင်းက ဧည့်သည်ဟံသာဝတီယူနိုက်တက်အသင်းကို ၂- ၁ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။လက်ရှိအမှတ်ပေးချန်ပီယံ ရှမ်းယူနိ… Read More
  • Best of the month2018 MPT Myanmar National League ၏ ဇန်နဝါရီလအတွက် အကောင်းဆုံး နည်းပြဆုနှင့် အကောင်းဆုံး ကစားသမား ဆုတို့အား ရတနာပုံ အသင်းနည်းပြချုပ် ဦးအောင်ကျော်မိုး နှင့် တောင်ပံကစား သမား စည်သူအောင် တို့မှ အတူတကွ ရရှိခဲ့ကြသည်။… Read More
  • Top Goals Game Week 3MPT Myanmar National League 2018 အမှတ်ပေးဘောလုံးပြိုင်ပွဲ (Week-3) အပြီးမှာ ရတနာပုံအသင်း တိုက်စစ်မှူး စည်သူအောင်ကပဲ ဂိုးသွင်းအများဆုံးနေရာမှာ ဆက်လက်ဦးဆောင်နေပါတယ်။ ဒါပေမယ့် စည်သူအောင်အနေနဲ့ ပြီးခဲ့တဲ့ GFA FC နဲ့ပွဲမှာ ဂိုးသွင… Read More
  • Standing Table at Week 4MPT Myanamr NationL League 2018 အမှတ်ပေးဘောလုံးပြိုင်ပွဲ ပွဲစဉ် (၄) ရဲ့ ပွဲစဉ်တွေ အားလုံးက ဒီကနေ့မှာ ပြီးဆုံးသွားခဲ့ပြီ ဖြစ်ပါတယ်။ ဒီတစ်ပတ်မှာ အမှတ်ပေးဇယား ထိပ်ပိုင်းက အသင်းကြီး နှစ်သင်းဖြစ်တဲ့ ရှမ်းယူနိုက်တက်နဲ့ ရတနာပုံတို့ရ… Read More
  • League Table Game Week3သုံးပွဲစီ ကစားပြီးကြချိန်မှာတော့ အမှတ်ပေးဇယားကို ရတနာပုံက ရန်ကုန်ယူနိုက်တက်အသင်းအား ရမှတ်တူဂိုးကွာခြားချက်ဖြင့် ဦးဆောင်နေပြီး ရှမ်းယူနိုက်တက်အသင်းက တတိယနေရာကနေ ဖိအား ပေးနေပါတယ်။ GFA FC ၊ မကွေးအက်ဖ်စီနဲ့ ဇွဲကပင်ယူနိုက်တက် အသင်… Read More