MPT Myanmar National League 2018 week 2
MPT Myanmar National League 2018 အမှတ်ပေးဘောလုံးပြိုင်ပွဲရဲ့ ပွဲစဉ် ၂ ပွဲစဉ်တွေကို မနက်ဖြန် ဇန်နဝါရီ ၁၉ ရက်မှာ ပြန်လည် စတင်ကျင်းပတော့မှာ ဖြစ်ပါတယ်။ ဒီတစ်ပတ်မှာ နောက်ဆုံး ၃ ပွဲဆက် နိုင်ပွဲပျောက်နေခဲ့တဲ့ လက်ရှိချန်ပီယံ ရှမ်းယူနိုက်တက် အသင်းက ခြေစွမ်းမာကျောတဲ့ မကွေးအသင်းနဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ အပတ်က ခြေစွမ်းပြပြီး ဂိုးပြတ်နိုင်ပွဲ ရယူခဲ့တဲ့ ရတနာပုံ အသင်းက ခုတစ်ပတ်မှာ ရခိုင်ယူနိုက်တက်နဲ့ တွေ့ဆုံနေပြီး ရန်ကုန်ယူနိုက်တက်ကတော့ ဇွဲကပင် ယူနိုက်တက်နဲ့ တွေ့ဆုံနေပါတယ်။
ခုတစ်ပတ် ကစားသွားမယ့် ပွဲစဉ် ၆ ပွဲအနက်က မကွေး-ရှမ်း၊ ရန်ကုန်-ဇွဲကပင်နဲ့ ဟံသာဝတီ-စစ်ကိုင်း ပွဲတွေကို For Sports ရုပ်သံလိုင်းနဲ့ MRTV ရုပ်သံလိုင်းတွေကနေ တိုက်ရိုက် ပြသသွားမှာ ဖြစ်ပြီး ကျန်သုံးပွဲကိုတော့ Myanmar National League Facebook Page နဲ့ MNL Web TV Facebook Page တွေကနေ တိုက်ရိုက် ပြသပေးသွားမှာ ဖြစ်ပါတယ်။