Thursday, December 14, 2017

ဗီယက်နမ်သတင်းစာဖလားဖိတ်ခေါ်ပြိုင်ပွဲတွင် မြန်မာယူ-၂၁ အသင်းက ထိုင်းယူ-၂၁ အသင်းကို တစ်ဂိုး၊ဂိုးမရှိဖြင့် အနိုင်ရရှိ

ယနေ့ညနေပိုင်းက ဗီယက်နမ်နိုင်ငံ၊ ကန်သိုအားကစားကွင်း၌ ယှဉ်ပြိုင်ကစားခဲ့သည့် ဗီယက်နမ်သတင်းစာဖိတ်ခေါ်ဖလားပွဲစဉ်တွင် မြန်မာယူ-၂၁ အသင်းက ထိုင်းယူ-၂၁ အသင်းကို တစ်ဂိုး၊ ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည်။ မြန်မာယူ-၂၁ အသင်းအတွက် တစ်လုံးတည်းသော အနိုင်ဂိုးအား ကွင်းလယ်လူ ဟိန်းထက်အောင်က ၃၆ မိနစ်တွင် သွင်းယူပေးခဲ့ခြင်းဖြစ်သည်။ မြန်မာယူ-၂၁ အသင်းသည် ပြီးခဲ့သည့် ဒီဇင်ဘာ ၁၂ ရက်က ယှဉ်ပြိုင်ခဲ့သည့် အဖွင့်ပွဲစဉ်တွင် အိမ်ရှင် ဗီယက်နမ်ယူ-၁၉ အသင်းနှင့် တစ်ဖက်တစ်ဂိုးစီ သရေရလဒ်ထွက်ပေါ်ထားရာ မြန်မာအသင်းအနေဖြင့် ယခုဖိတ်ခေါ်ပြိုင်ပွဲတွင် နှစ်ပွဲကစားပြီး စုစုပေါင်း လေးမှတ် ရယူထားနိုင်ပြီဖြစ်သည်။

U21 International Football Tournament 2017 ပြိုင်ပွဲတွင် မြန်မာယူ-၂၁ အသင်း၊ ဗီယက်နမ် ယူ-၂၁ အသင်း၊ ဗီယက်နမ် ယူ-၁၉ အသင်း၊ ထိုင်း ယူ-၂၁ အသင်းနှင့် ယိုကိုဟားမား အသင်းတို့ ပါဝင်ပြီး အုပ်စုပတ်လည် ယှဉ်ပြိုင်ကစားရခြင်းဖြစ်သည်။ ပြိုင်ပွဲတွင် အုပ်စု ပထမနှင့် ဒုတိယအသင်းတို့သည် ဗိုလ်လုပွဲဆက်လက်ယှဉ်ပြိုင်ကစားရမည်ဖြစ်ပြီး အုပ်စုတတိယနှင့် စတုတ္တအသင်းတို့သည် တတိယနေရာလုပွဲကို ဆက်လက်ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။

U21 International Football Tournament 2017

FT: Myanmar U21 (1-0) Thailand U21
Hein Htet Aung 36'
December 14, 2017mkzt