ရတနာပုံ အသင်းမှာ ချင်းယူနိုက်တက်အသင်းမှ နောက်ခံလူ တလန်ဟုပ်ထန်း အား ခေါ်ယူ
၂၀၁၈ ရာသီ အကြိုပြင်ဆင် မှုအဖြစ် ရတနာပုံ အသင်းမှာ ချင်းယူနိုက်တက် အသင်းမှ နောက်ခံလူ တလန်ဟုပ်ထန်းအား ခေါ်ယူလိုက်ပြီ ဖြစ်သည်။ ယခု ကစားသမား ခေါ်ယူမှုသည် ရတနာပုံ အသင်းအတွက် တတိယမြောက် ကစားသမား ခေါ်ယူမှုဖြစ်ပြီး တနှစ်စာချုပ် ဖြင့် ခေါ်ယူခဲ့ခြင်းဖြစ်သည်။
နောက်ခံကစား သမားဖြစ်သူ တလွန်ဟုပ်ထန်းက –
အသက် ၂၁နှစ်ရှိ ချင်းလူမျိုး နောက်ခံကစား သမား တလွန်ဟုပ်ထန် မှာ ချင်းယူနိုက်တက် အသင်းတွင်
၆နှစ်ကြာ ကစားခဲ့သည့် ကစားသမား တစ်ဦးဖြစ်ပြီး ယခုအခါ ရတနာပုံ အသင်းတွင် ၎င်း၏ ကစားသမား
ဘဝအား စတင်ဖြတ်သန်း တော့မည်ဖြစ်သည်။
နောက်ခံကစား သမားဖြစ်သူ တလွန်ဟုပ်ထန်းက –
'အခု ကျွန်တော် ရတနာပုံ ကစားသမား ဖြစ်လာခဲ့ပါပြီ အသင်းကြီး တစ်သင်းဖြစ်တဲ့ အတွက် စိတ်လှုပ်ရှားမိတာတော့ အမှန်ပါ ကျွန်တော်တို့ ကစားသမား တွေကလဲ ဒီလိုမျှော်လင့်ချက် တွေနဲ့ ကြိုးစားနေရတာပါ ပရိသတ်လဲ အများအပြား ရှိတဲ့ ရတနာပုံ အသင်းမှာ ကစားခွင့် ရတော့မှာ ဖြစ်တာကြောင့် ကျွန်တော်အရမ်း ပျော်ပါတယ် ကြိုးစားမယ်လို့လဲ ဂတိပေးပါတယ်'ဟုပြောကြားခဲ့သည်။
အသက် ၂၁နှစ်ရှိ ချင်းလူမျိုး နောက်ခံကစား သမား တလွန်ဟုပ်ထန် မှာ ချင်းယူနိုက်တက် အသင်းတွင်
၆နှစ်ကြာ ကစားခဲ့သည့် ကစားသမား တစ်ဦးဖြစ်ပြီး ယခုအခါ ရတနာပုံ အသင်းတွင် ၎င်း၏ ကစားသမား
ဘဝအား စတင်ဖြတ်သန်း တော့မည်ဖြစ်သည်။