Saturday, December 2, 2017

မြန်မာ့လက်ရွေးစင် ကစားသမားဟောင်းနှင့် ရန်ကုန်ယူနိုက်တက် အသင်းခေါင်းဆောင် ခင်မောင်လွင် ကစားသမားဘဝမှ အနားယူ

"ဘောလုံးကစားသမားဘဝက အနားယူမယ်လို့ဆုံးဖြတ်ခဲ့ပေမယ့် ရန်ကုန်ယူနိုက်တက်မှာနည်းပြဘဝနဲ့ ဆက်လက်ရပ်တည်ဖို့တော့ ရည်မှန်းထားပါတယ်"
လို့ ဆိုလာတဲ့ ခင်မောင်လွင်ဟာ ၂၀၀၆ ခုနှစ်ထဲက AFC (C) လိုင်စင် အောင်မြင်ထားပြီးဖြစ်သည်။လယ်ယာ/ဆည်မြောင်း အသင်းမှ ဘောလုံးသမားဘဝစတင်ခဲ့ပြီး နေရှင်နယ်လိဂ် စတင်ချိန်တွင် ကမ္ဘောဇ အသင်းတွင် စတင်ကစားခဲ့ပြီး ၂၀၁၁ မှ ယနေ့ကာလအထိ ရန်ကုန်ယူနိုက်တက်အသင်းနှင့်အတူ လိဂ်ချန်ပီယံ (၄)ကြိမ် ဗိုလ်ချုပ်အောင်ဆန်းဒိုင်း (၁)ကြိမ် ရယူနိုင်ခဲ့ပြီး လက်ရွေးစင်ဘဝတွင် ၂၀၀၆ ခုနှစ် မာဒေးကားဖလား ရယူနိင်ခဲ့သည်။