Saturday, December 2, 2017

ကလေးငယ် ၃၀၀ဦးပါဝင်ဆင်နွဲခဲ့သည့် MFF Grassroots Football Festival 2017 Bago ကျင်းပ

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ မျိုးဆက်သစ်လူငယ်များပေါ်ထွက်လာစေရေး ရည်ရွယ်ချက်ဖြင့် အခြေခံဘောလုံးပညာများကို ကလေးငယ်များကို သင်ကြားပြသပေးသည့် လူငယ်ဘောလုံးပွဲတော် MFF Grassroots Football Festival 2017 Bago ကို ဒီဇင်ဘာလ (၂) ရက်နေ့ ၊ နံနက် ၇နာရီ ၃၀မိနစ် က ပဲခူးမြို့ Grand Royal Stadium (ဟံသာဝတီယူနိုက်တက်အိမ်ကွင်း) တွင် ကျင်းပပြုလုပ်ခဲ့ပြီး ကလေးငယ် ၃၀၀ဦး နှင့် နည်းပြဆရာ (၅၀) ဦးတို့ပါဝင် ဆင်နွဲခဲ့ကြသည်။
အဆိုပါ အခမ်းအနားအဖွင့်အမှာစကားကို ပဲခူးတိုင်း​ဒေသကြီးအစိုးရအဖွဲ့စည်​ပင်​သာယာ​ရေးနှင့်လူမှု​ရေးဝန်​ကြီး ဦး​မောင်​​မောင်​လွင် မှအဖွင့်အမှာစကားပြောကြားပေးခဲ့ပြီး ၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးကိုကိုသိန်းမှ လူငယ်ဘောလုံးပွဲတော်များ ကျင်းပရခြင်းအကြောင်းရင်းနှင့် ပါဝင်ဆောင်ရွက်ပေးသည့်လူများကို ကျေးဇူးတင်စကားပြောကြားခဲ့သည်။

ထို့နောက် MFF Grassroots Football Festival 2017 Bago ဖွင့်ပွဲ အခမ်းအနားကို ပဲခူးတိုင်း​ဒေသကြီးအစိုးရအဖွဲ့စည်​ပင်​သာယာ​ရေးနှင့်လူမှု​ရေးဝန်​ကြီး ဦး​မောင်​​မောင်​လွင်၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်အထွေထွေအတွင်းရေးမှူး ဦးကိုကိုသိန်း၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် နည်းစနစ်ဒါရိုက်တာနှင့် တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးတင်မြင့်အောင်၊ ရွှေခေတ်လက်ရွေးစင်ကစားသမားဟောင်း ဦးတင်အောင် (ဂိုး) နှင့် ရွှေခေတ်နှင့် ပဲခူးတိုင်းလက်ရွေးစင်ဟောင်း ဦးရဲညွန့် ၊ မြန်မာ့လက်ရွေးစင်နှင့် ပဲခူးတိုင်းလက်ရွေးစင်ဟောင်း ဦးဟန်လင်း၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ သယံဇာတနှင့်သစ်တောဝန်ကြီး ဦးကျော်မင်းစံ၊ ပဲခူးတိုင်းအားကာညွန်ကြားရေးမှူး ဦးစိုးနိုင် တို့မှ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။

ထို့နောက် ကလေးလူငယ်များကို အခြေခံဘောလုံးပညာများကို သင်တန်းဆရာ၊ဆရာမများမှ ပြသပေးခဲ့ပြီး နေ့လည် ၁၁နာရီအချိန်တွင် အခမ်းအနားပြီးဆုံးခဲ့သည်။