Wednesday, December 27, 2017

ရတနာပုံ အသင်း၏ နည်းပြချုပ် အဖြစ် ဦးအောင်ကျော်မိုး အားခန့်အပ်

၂၀၁၈ MPT မြန်မာ နေရှင်နယ်လိဂ် ပြိုင်ပွဲဝင် ရတနာပုံ အသင်း၏ နည်းပြချုပ်အဖြစ် ဦးအောင်ကျော်မိုးအား
တရားဝင် ခန့်အပ်လိုက်ပြီဖြစ်သည်။
ဦးအောင်ကျော်မိုးမှာ ၂၀၀၉ ခုနှစ်မှ စတင်၍ ရတနာပုံ အသင်းနှင့် အတူလက်တွဲခဲ့သည့် ကစားသမား တစ်ဦးဖြစ်ပြီး ၁၉၉၉ခုနှစ် ဘရူနိုင်း ဆီးဂိမ်းတွင် ၎င်း၏ လက်ရွေးစင် ကစားသမား ဘဝအား စတင်ဖြတ်သန်းခဲ့သူတစ်ဦးဖြစ်သည်။ အကောင်းဆုံး ကစားသမား ဆုအား ၂၀၁၀ ခုနှစ်တွင် ရရှိခဲ့ပြီး ၎င်း၏ကစားသမား ဘဝအား ၂၀၁၃ ခုနှစ်တွင် အနားယူခဲ့ကာ ၂၀၁၄ ခုနှစ်တွင်ရတနာပုံ အသင်းနှင့် အတူ လက်ထောက်နည်းပြ ဘဝအားစတင်ခဲ့ပြီးလာ မည့် ၂၀၁၈ ခုနှစ် MPT မြန်မာ နေရှင်နယ်လိဂ် အမှတ်ပေး ပြိုင်ပွဲကြီးတွင် နည်းပြချုပ်အဖြစ် တာဝန်ယူကိုင်တွယ် မည်ဖြစ်သည်။
ရတနာပုံ အသင်းမှာ အသင်း၏ နည်းပြချုပ် အဖြစ် ပြည်တွင်းနည်းပြအား တတိယ အကြိမ်မြောက် ခန့်အပ်ခဲ့ခြင်း ဖြစ်ပြီး ၂၀၁၀၊၂၀၁၁ ခုနှစ်တွင် ဦးဇော်လေးအောင် ၂၀၁၄ခုနှစ်တွင် ဦးခင်မောင်တင့် နှင့်၂၀၁၈ခုနှစ်တွင်
ဦးအောင်ကျော်မိုး မှကိုင်တွယ်မည်ဖြစ်သည်။