Wednesday, December 27, 2017

ပြည်ပ ကစားသမားတစ်ဦး ထပ်မံခေါ်ယူခဲ့သည့် ရှမ်းယူနိုက် တက်အသင်း

မြန်မာနေရှင်နယ်လိဂ်ကလပ် ရှမ်းယူနိုက်တက်အသင်းသည် ဒုတိယမြောက် ပြည်ပကစားသမားတစ်ဦးအဖြစ် ကင်မရွန်းနိုင်ငံသား အာချာကို ခေါ်ယူခဲ့သည်။
အသက် ၁၉ နှစ်အရွယ်ရှိ တိုက်စစ်မှူး အာချာသည် အရပ် ၅ ပေ ၁၀ လက်မ ရှိပြီး ၂၀၁၇ ကင်မရွန်းအဆင့်မြင့် တန်းပြိုင်ပွဲ၌ တတိယအကောင်းဆုံးကစားသမားဆု ရရှိခဲ့ဖူးသည်။ ရှမ်းယူနိုက်တက်အသင်းသည် အစောပိုင်းက အသင်းတိုက်စစ်မှူးဟောင်း ခရစ္စတိုဖာကို ထပ်မံစာချုပ်သစ် ချုပ်ဆိုခဲ့ပြီး ယခုအခါ တိုက်စစ်မှူး အာချာကို ထပ်မံ ခေါ်ယူခဲ့ခြင်းဖြစ်သည်။ ထို့ပြင်ရှမ်းယူနိုက်တက်အသင်းသည် အသင်း၏ အမာခံကစားသမားများဖြစ်ကြသည့် စိုးမင်းဦး၊ သီဟစည်သူ(ဂိုး)၊ တင်ဝင်းအောင်၊ ဇင်မင်းထွန်း၊ မျိုးမင်းလတ်(ဂိုး)တို့ကိုလည်း သက်တမ်းတိုး စာချုပ် များ အသီးသီးထပ်မံ ချုပ်ဆိုခဲ့သည်။ ရှမ်းယူနိုက်တက်အသင်းသည် ရာသီကြို ပြင်ဆင်သည့်အနေဖြင့် ဒီဇင်ဘာ ၂၄ ရက်နံနက်က ရတနာပုံအသင်းနှင့် ခြေစမ်းကစားခဲ့ပြီး ၃-၁ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။