Wednesday, December 27, 2017

MPT Myamar National League 2018 (MNL1) အမှတ်ပေးဘောလုံးပြိုင်ပွဲဝင်အသင်းများ

MPT Myamar National League 2018 အမှတ်ပေးဘောလုံးပြိုင်ပွဲကို လာမယ့် ဇန်နဝါရီ ၁၂ ရက်မှာ စတင် ကျင်းပတော့မှာ ဖြစ်ပါတယ်။
အမှတ်ပေးပြိုင်ပွဲကို အသင်း ၁၂ သင်း ဝင်ရောက်ကစားမှာဖြစ်ပြီး ပါဝင်ယှဉ်ပြိုင်မယ့် အသင်းတွေက ရှမ်းယူနိုက်တက်၊ ရန်ကုန်ယူနိုက်တက်၊ ရတနာပုံအက်ဖ်စီ၊ ဧရာဝတီယူနိုက်တက်၊ ရခိုင်ယူ နိုက်တက်၊ မကွေးအက်ဖ်စီ၊ ဆောက်သမ်မြန်မာအက်ဖ်စီ၊ ဟံသာဝတီယူနိုက်တက်၊ ဇွဲကပင်ယူနိုက်တက်၊ GFA FC ၊ မြဝတီအက်ဖ်စီနဲ့ စစ်ကိုင်းယူနိုက်တက်အသင်းတို့ပဲ ဖြစ်ပါတယ်။ အမှတ်ပေးပြိုင်ပွဲရဲ့ လက်ရှိ ချန်ပီယံက ရှမ်းယူနိုက်တက်အသင်းပဲ ဖြစ်ပါတယ်။
ပါဝင်ယှဉ်ပြိုင်မယ့် ကလပ်အသင်း ၁၂ သင်းအနက် ရှမ်းယူနိုက်တက်အသင်း၊ ရန်ကုန်ယူနိုက်တက်အသင်း၊ ရတနာပုံအက်ဖ်စီအသင်း၊ ရခိုင်ယူနိုက်တက်အသင်း၊ ဧရာဝတီယူနိုက်တက် အသင်း၊ ဟံသာဝတီယူနိုက်တက်အသင်း၊ ဆောက်သမ်းမြန်မာအက်ဖ်စီအသင်းနဲ့ စစ်ကိုင်းယူနိုက်တက်အသင်းတို့က အိမ်ကွင်း လက်ခံ ကျင်းပကြမှာဖြစ်ပါတယ်။
လက်ရှိမှာ ကလပ်အသင်းတွေက ရာသီသစ်အတွက် ပြည်တွင်း၊ ပြည်ပ ကစားသမားသစ်တွေ ကိုယ်စီ ခေါ်ယူကာ ပြင်ဆင်လျက်ရှိနေ ပါတယ်။ ဒါ့အပြင် ခြေစမ်းပွဲတွေ ကစားရင်း မိမိအသင်းရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်း ပြင်ဆင်လျက်ရှိနေကြပါတယ်။