Wednesday, December 27, 2017

ရာသီကြို ခြေစမ်းပွဲတွင် ဆောက်သမ်းနှင့် စစ်ကိုင်းယူနိုက်တက် တစ်ဂိုးစီ သရေကျ

MPT Myanmar National League 2018 အမှတ်ပေးဘောလုံး ပြိုင်ပွဲအတွက် ပြင်ဆင်သည့်အနေဖြင့် ဆောက်သမ်းအသင်းနှင့် စစ်ကိုင်းယူနိုက်တက်အသင်းတို့သည် ဒီဇင်ဘာ ၂၂ ရက်၊ နံနက် ၈:၀၀ က စလင်းကွင်းတွင် ခြေစမ်းခဲ့ကြပြီး တစ်ဖက်တစ်ဂိုးစီ သရေကျခဲ့သည်။
စစ်ကိုင်းယူနိုက်တက်(မဟာယူနိုက်တက်)အသင်းအတွက် ဦးဆောင်ဂိုးကို ဆင်မြူ ရယ်က ခေါင်းတိုက်သွင်းပေးခဲ့ပြီး ဆောက်သမ်းအသင်း အတွက် ချေပဂိုးကို စိုးမြတ်သူက သွင်းယူပေးခဲ့သည်။ ခြေစမ်းပွဲတွင် စစ်ကိုင်းယူနိုက်တက်အသင်းသည် ပြည်တွင်း၊ ပြည်ပ ကစားသမား အစုံအလင်ဖြင့် ပွဲထွက်ကစားခဲ့ပြီး ဆောက်သမ်းအသင်းမှလည်း ခြေစွမ်း စမ်းသပ်လျက်ရှိ သည့် ပြည်ပကစားသမားများကို ထည့်သွင်းစမ်းသပ် ကစား သွားခဲ့သည်။