Wednesday, December 27, 2017

GFA FC အသင်း ကွင်းလယ်လူဟောင်း မာ့ခ်ဆာကီအား ဟံသာဝတီယူနိုက်တက် ခေါ်ယူမည်



ပဲခူးတိုင်းဒေသကြီး ကိုယ်စားပြု ဟံသာဝတီယူနိုက်တက်အသင်းသည် GFA FC အသင်းမှ ကွင်းလယ် ကစားသမား မာ့ခ်ဆာကီကို ခေါ်ယူရန် အကြိုသဘောတူညီမှုရရှိထားပြီး မကြာမီ အချိန်တွင် စာချုပ် ချုပ်ဆိုသွားမည်ဟု သိရသည်။
ဂါနာနိုင်ငံသား၊ ကွင်းလယ်ကစားသမား မာ့ခ်ဆာကီသည် ပြီးခဲ့သည့် MNL MAX CEMNET 2017 အမှတ်ပေး ဘောလုံးပြိုင်ပွဲတွင် GFA FC အသင်း၌ ခြေစွမ်းပြ ကစားနိုင်ခဲ့ပြီး အသင်းအတွက် သွင်းဂိုး သုံးဂိုး သွင်းယူေ ပးထားသည်။ လက်ရှိတွင် ဟံသာဝတီယူနိုက်တက်အသင်းသည် ကွင်းလယ်ကစားသမား မာ့ခ်ဆာကီတစ်ဦးတည်းကိုသာ စာချုပ် ချုပ်ဆိုရန် သဘောတူညီမှုရရှိထားခြင်းဖြစ်ပြီး နောက်ထပ် ပြည်ပ ကစားသမားနှစ်ဦး ထပ်မံခေါ်ယူရန် အစီစဉ်ရှိသည်။ ဟံသာဝတီအသင်းသည် ရာသီကြို ခြေစမ်းပွဲ သုံးပွဲ ကစားထားပြီး မြဝတီအက်ဖ်စီအသင်းနှင့် နှစ်ကြိမ်၊ မကွေးအသင်းနှင့် တစ်ကြိမ် ခြေစမ်းထားသည်။ ဟံသာဝတီအသင်းသည် မြဝတီအသင်းနှင့် ပထမအကြိမ် ခြေစမ်းပွဲတွင် တစ်ဂိုး ဂိုးမရှိဖြင့် အနိုင်ရထားပြီး ဒုတိယအကြိမ် ခြေစမ်းပွဲတွင် ဂိုးမရှိ သရေကျထားသည်။ ပြီးခဲ့သည့် ဒီဇင်ဘာ ၁၆ ရက်က ခြေစမ်းခဲ့သည့် မကွေးအသင်းနှင့်ပွဲစဉ်တွင်လည်း တစ်ဖက်တစ်ဂိုးစီ သရေကျထားသည်။ ဟံသာဝတီအသင်းသည် လာမည့် ဒီဇင်ဘာ ၂၃ ရက်တွင် ဧရာဝတီယူ နိုက်တက်အသင်းနှင့် မီးဒုံးကွင်းတွင် ထပ်မံခြေစမ်းမည်ဖြစ်သည်။