MPT Myanmar National League 2018 အမှတ်ပေး ဘောလုံးပြိုင်ပွဲ ပွဲစဉ်ဇယား ထွက်ပေါ်
လာမည့် ၂၀၁၈ ဇန်နဝါရီလအတွင်း စတင်ကျင်းပသွားမည့် MPT Myanmar National League 2018 အမှတ်ပေး ဘောလုံးပြိုင်ပွဲကြီး၏ ပွဲစဉ်ဇယားကို ထုတ်ပြန်လိုက်ပြီ ဖြစ်ပြီး လာမည့် ဇန်နဝါရီလ ၁၂ ရက်တွင် စတင်ကျင်းပမည် ဖြစ်ကာ စက်တင်ဘာလ ၂၃ ရက်နေ့တွင် ပြီးဆုံးမည် ဖြစ်သည်။
မြန်မာနေရှင်နယ်လိဂ် ပြိုင်ပွဲကျင်းပရေး ဌာန အနေဖြင့် ယခုနှစ်တွင် မြန်မာနေရှင်နယ်လိဂ် ပွဲစဉ်များကို ပုံမှန်ကျင်းပနေကျ ပွဲချိန်များအစား နောက်သို့ဆုတ်ကာ ကျင်းပလိုသောကြောင့် အိမ်ကွင်းပိုင်ဆိုင်သည့် ကလပ်အသင်းများထံ မီးဆလိုက်များ၊ မီးမောင်းများ တပ်ဆင်နိုင်ခြင်း ရှိမရှိ မေးမြန်းခဲ့ကာ အသင်းများ၏ အကြောင်းပြန်မှုကို စောင့်ဆိုင်းနေခဲ့သောကြောင့် ပွဲချိန်ဇယား ထုတ်ပြန်မှုမှာ မူလမျှော်မှန်းထားသည်ထက် အနည်းငယ် နောက်ကျသွားခဲ့ရခြင်း ဖြစ်သည်။
လက်ရှိတွင်မူ မည်သည့် အသင်းကမျှ မီးဆလိုက်များ၊ မီးမောင်းများ တပ်ဆင်မည်ဟု အကြောင်းပြန်ကြားလာခြင်း မရှိသည့် အတွက် မူလစီစဉ်ထားသည့် ပွဲချိန်များအတိုင်း ပြီးခဲ့သည့် နှစ်များက ကျင်းပခဲ့သည့် ညနေ ၃း၃၀ နာရီနှင့် ၄းဝဝ နာရီများတွင်သာ ကျင်းပသွားတော့မည် ဖြစ်သည်။
ယခုနှစ် MPT Myanmar National League 2018 အမှတ်ပေး ဘောလုံးပြိုင်ပွဲကို အသင်းပေါင်း ၁၂ သင်း ပါဝင် ယှဉ်ပြိုင်မည် ဖြစ်ပြီး တန်းတက်လာသည့် စစ်ကိုင်းယူနိုက်တက်( ယခင်မဟာယူနိုက်တက်)
နှင့် မြဝတီ အသင်းများ နှင့်အတူ ရှမ်းယူနိုက်တက်၊ ရန်ကုန် ယူနိုက်တက်၊ ရတနာပုံ၊ ဧရာဝတီ ယူနိုက်တက်၊ ရခိုင်ယူနိုက်တက်၊ ဟံသာဝတီ ယူနိုက်တက်၊ ဇွဲကပင် ယူနိုက်တက်၊ ဂျီအက်ဖ်အေ၊ ဆောက်သမ်းမြန်မာနှင့် မကွေးအသင်းများ ပါဝင် ယှဉ်ပြိုင်ကြမည် ဖြစ်သည်။