Thursday, December 28, 2017

GFA FC အသင်း ကစားသမားသစ်အများစုနဲ့ ရင်ဆိုင်လာဖို့ရှိ

ချင်းပြည်နယ် ကိုယ်စားပြု GFA FC အသင်းဟာ မကြာခင် ကျင်းပတော့မယ့် MPT Myanmar National League 2018 အမှတ်ပေးဘောလုံးပြိုင်ပွဲမှာ ကစား သမားသစ်အများစုနဲ့ ရင်ဆိုင်လာဖို့ရှိပါတယ်။ မနှစ်က အသင်းမှာ ကစားခဲ့တဲ့ အမာခံပွဲထွက် ကစားသမား တော်တော်များများ အသင်းပြောင်းသွားတာဖြစ်လို့ ကစား သမားသစ်တွေနဲ့ပဲ ပွဲထွက်လာမှာ ဖြစ်ပါတယ်။ ဒါ့အပြင် မာ့ခ်ဆာကီနဲ့ အီမန်နူရယ်တို့ နေရာမှာ အစားထိုးဖို့ ပြည်ပ ကစားသမားနှစ်ဦးကိုလဲ ရှာဖွေနေပါတယ်။