Saturday, December 2, 2017

အကယ်ဒမီ အသင်းများ အပြန်အလှန် ယှဉ်ပြိုင်ကစားကြမည့် INTER ACADEMY FRIENDLY MATCHES

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်မှ ပြုစုပျိုးထောင်ထားသည့် မြန်မာ ဘောလုံးအကယ်ဒမီ(မန္တလေး)၊ မြန်မာ ဘောလုံးအကယ်ဒမီ (ပုသိမ်)၊ အမျိုးသား ဘောလုံးအကယ်ဒမီ (ရန်ကုန်) နှင့် တပ်မတော်မှ တည်ထောင်ထားသည့် တပ်မတော် ဘောလုံးအကယ်ဒမီ တို့မှ လူငယ်အသင်းများသည် အိမ်/အဝေး ယှဉ်ပြိုင်သည့် စနစ်ဖြင့် ခြေစမ်းပွဲများ အသီးသီး ယှဉ်ပြိုင် ကစားကြမည်ဖြစ်သည်။
ပါဝင် ယှဉ်ပြိုင်မည့် အသင်းများမှာ-
မြန်မာ ဘောလုံးအကယ်ဒမီ (မန္တလေး) ယူ၁၁ (က) အသင်း
မြန်မာ ဘောလုံးအကယ်ဒမီ (မန္တလေး) ယူ၁၁ (ခ) အသင်း
မြန်မာ ဘောလုံးအကယ်ဒမီ (မန္တလေး) ယူ၁၂ (က) အသင်း
မြန်မာ ဘောလုံးအကယ်ဒမီ (မန္တလေး) ယူ၁၂ (ခ) အသင်း
မြန်မာ ဘောလုံးအကယ်ဒမီ (မန္တလေး) ယူ၁၃ (က) အသင်း
မြန်မာ ဘောလုံးအကယ်ဒမီ (မန္တလေး) ယူ၁၃ (ခ) အသင်း
မြန်မာ ဘောလုံးအကယ်ဒမီ (ပုသိမ်) ယူ ၁၁ (က) အသင်း
မြန်မာ ဘောလုံးအကယ်ဒမီ (ပုသိမ်) ယူ ၁၁ (ခ) အသင်း
မြန်မာ ဘောလုံးအကယ်ဒမီ (ပုသိမ်) ယူ ၁၄ (က) အသင်း
မြန်မာ ဘောလုံးအကယ်ဒမီ (ပုသိမ်) ယူ ၁၄ (ခ) အသင်း
အမျိုးသား ဘောလုံးအကယ်ဒမီ (ရန်ကုန်) ယူ၁၂ (က)အသင်း
အမျိုးသား ဘောလုံးအကယ်ဒမီ (ရန်ကုန်) ယူ၁၂ (ခ)အသင်း
တပ်မတော်ဘောလုံးအကယ်ဒမီ ယူ၁၃ (က)အသင်း
တပ်မတော်ဘောလုံးအကယ်ဒမီ ယူ၁၅ (က)အသင်း
တပ်မတော်ဘောလုံးအကယ်ဒမီ ယူ၁၅ (ခ)အသင်း
တို့ဖြစ်ကြသည်။
မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် အနေဖြင့် အကယ်ဒမီ ကျောင်းသား လူငယ် ကစားသမားများ ပြိုင်ပွဲအတွေ့အကြုံ ရရှိစေရန်၊ ခြေစွမ်းတိုးတက်လာစေရန် နှင့် ကစားသမားကောင်းများ ပေါ်ထွက်လာစေရန် အဆိုပါ ပွဲစဉ်များအား စီစဉ်ကျင်းပရခြင်းဖြစ်သည်။