ရတနာပုံ အသင်းမှာ မြန်မာ ယူ-၁၉ အသင်းမှ လူငယ်ကစား သမားများဖြစ်ကြသည့် ဝင်းနိုင်ထွန်း ၊ ပြည့်စုံနိုင် နှင့် မြတ်ကောင်းခန့် တို့အား တရားဝင်ခေါ်ယူ
ရတနာပုံ အသင်းမှာ 2018 MPT Myanmar National League အား ပြည်တွင်းကစား သမားဖြင့်သာယှဉ်ပြိုင် သွားမည်နှင့် အညီ ပြည်တွင်း လူငယ်ကစား သမားများအား ဦးစားပေး ခေါ်ယူမှု ပြုလုပ် ခဲ့ပြီး ယခုအခါမြန်မာ ယူ-၁၉ အသင်းနှင့် မြန်မာ ယူ-၂၃ အသင်းတို့တွင် ခြေစွမ်းပြ ကစားခဲ့သည့် ဝင်းနိုင်ထွန်း(ရှေ့တန်း) ၊ပြည့်စုံနိုင် (အလယ်တန်း) ၊ မြတ်ကောင်းခန့်(အလယ်တန်း) တို့အားမြန်မာ ဘောလုံး အကယ်ဒမီ (MFF) မှတရားဝင် အပြီးသတ် ခေါ်ယူခဲ့ခြင်း ဖြစ်သည်။ရတနာပုံ အသင်းအနေဖြင့် ယခုရာသီ 2018 MPT Myanmar National League ပြိုင်ပွဲကြီးအတွက်ပြည်တွင်း ကစားသမား (၇) ဦးခေါ်ယူမှု ပြုလုပ်ခဲ့ပြီ ဖြစ်ပြီး ၎င်းတို့မှာ –
(၁) ချမ်းငြိမ်းကျော် (ဂိုး)
(၂) တလွန်ဟုတ်ထျန်း (နောက်တန်း)
(၃) ဘီဘီ(အလယ်တန်း)
(၄) အောင်ဝဏ္ဏစိုး (နောက်တန်း)
(၅) ဝင်းနိုင်ထွန်း (ရှေ့တန်း)
(၆) ပြည့်စုံနိုင် (အလယ်တန်း)
(၇) မြတ်ကောင်းခန့် (အလယ်တန်း) တို့ဖြစ်ကြသည်။
(၁) ချမ်းငြိမ်းကျော် (ဂိုး)
(၂) တလွန်ဟုတ်ထျန်း (နောက်တန်း)
(၃) ဘီဘီ(အလယ်တန်း)
(၄) အောင်ဝဏ္ဏစိုး (နောက်တန်း)
(၅) ဝင်းနိုင်ထွန်း (ရှေ့တန်း)
(၆) ပြည့်စုံနိုင် (အလယ်တန်း)
(၇) မြတ်ကောင်းခန့် (အလယ်တန်း) တို့ဖြစ်ကြသည်။