နှစ်ပွဲဆက် အနိုင်ရလဒ်ဖြင့် အမှတ်ပေးဇယားကို ဆက်လက်ဦးဆောင်နိုင်ခဲ့သည့် ရတနာပုံ
ယနေ့ ညနေပိုင်းက မန္တလေးမြို့၊ မန္တလာသီရိကွင်း၌ ယှဉ်ပြိုင်ခဲ့သည့် MPT Myanmar National League 2018 Week 2 ပွဲစဉ်တွင် ရတနာပုံအက်ဖ်စီအသင်းက ဧည့်သည်ရခိုင်ယူနိုက်တက်အသင်းကို ၄-၂ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။ ရတနာပုံအသင်းမှာ ယခုပွဲ အနိုင်ရလဒ်ကြောင့် ရာသီအစနှစ်ပွဲဆက် အနိုင်ဖြင့် အမှတ်ပေးဇယားကို ဆက်လက်ဦးဆောင်နိုင်ခဲ့သည်။
ဧည့်သည် ရခိုင်ယူနိုက်တက်အသင်း အနေဖြင့် ယနေ့ပွဲစဉ်တွင် ခြေစွမ်းပြကစားနိုင်ခဲ့သည့် အပြင် နှစ်ကြိမ်ဆက် ဦးဆောင်ဂိုးများ ရရှိခဲ့သော်လည်း အဆိုပါ ရလဒ်အား ဆက်လက် ထိန်းသိမ်းနိုင်ခြင်း မရှိသဖြင့် အဝေးကွင်းရှုံးပွဲ ကြုံတွေ့ခဲ့ရသည်။
ရခိုင်အသင်းအတွက် ဦးဆောင်ဂိုးကို ပွဲအစ ၁၀ မိနစ်တွင် ဇော်ဇော်နိုင်က သွင်းယူပေးခဲ့ပြီး ရတနာပုံအတွက် ချေပဂိုးကို ၈ မိနစ်အကြာတွင် လူငယ်ကစားသမား မြတ်ကောင်းခန့်က ၎င်း၏ ယခုနှစ်ရာသီ ဒုတိယမြောက် သွင်းဂိုးကို သွင်းယူပေးခဲ့သည်။ ဒုတိယပိုင်းတွင် ရခိုင်အသင်းကပင် ဦးဆောင်ဂိုး ထပ်မံရယူနိုင်ခဲ့ပြီး ၅၈ မိနစ်တွင် ရတနာပုံနောက်တန်း၏ အမှားမှ တစ်ဆင့် တိုက်စစ်မှူး ဆန်းဒေးက အမှားအယွင်းမရှိ ရယူပေးခဲ့သည်။
သို့သော် ရခိုင်အသင်း၏ ဦးဆောင်ဂိုးမှာ မိနစ်ပိုင်းသာ ကြာမြင့်ခဲ့ပြီး အိမ်ရှင်အသင်းအတွက် ၅၉ မိနစ်တွင် လှိုင်းဘိုဘိုက ချေပဂိုးပြန်လည် သွင်းယူခဲ့သည်။ ထို့နောက် ရတနာပုံအသင်းက ဦးဆောင်ဂိုး ရရှိရေး ဆက်တိုက် တိုက်စစ်ဆင်ကစားခဲ့ပြီး ၆၅ မိနစ်တွင် မျိုးကိုထွန်းနှင့် ၉၀+၁ မိနစ်တွင် စည်သူအောင်က ပင်နယ်တီမှ တစ်ဆင့် အနိုင်ဂိုးများ သွင်းယူပေးခဲ့ခြင်းဖြစ်သည်။
ရတနာပုံအသင်းမှာ ယခုပွဲအနိုင်ရလဒ်ကြောင့် အမှတ်ပေးဇယားကို ဂိုးကွာခြားအသာဖြင့် ဆက်လက်ဦးဆောင်ထားနိုင်ဆဲဖြစ်ပြီး ရခိုင်အသင်းမှာ ရာသီအစ တစ်ပွဲသရေ ၊ တစ်ပွဲရှုံး ရလဒ်ကြုံတွေ့ထားသည်။
Yadanarbon FC 4-2 Rakhine United(FT)