Monday, January 29, 2018

အိမ်ကွင်းတွင် ဟံသာဝတီယူနိုက်တက်အသင်းကို အနိုင်ယူပြီး အဆင့် ၃ နေရာ တက်လှမ်းလာနိုင်ခဲ့သည့် ရှမ်းယူနိုက်တက်အသင်း

၂၈ ရက်နေ့  ညနေပိုင်းက တောင်ကြီးမြို့၊ ပြည်နယ်အားကစားကွင်း၌ ယှဉ်ပြိုင်ကစားခဲ့သည့် ပွဲစဉ်တွင် အိမ်ရှင် ရှမ်းယူနိုက်တက်အသင်းက ဧည့်သည်ဟံသာဝတီယူနိုက်တက်အသင်းကို ၂- ၁ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။လက်ရှိအမှတ်ပေးချန်ပီယံ ရှမ်းယူနိုက်တက်အသင်းအနေဖြင့် အဆိုပါ အနိုင်ရလဒ်ကြောင့် အမှတ်ပေးဇယား အဆင့်လေးနေရာမှ အဆင့်...

League Table Game Week3

သုံးပွဲစီ ကစားပြီးကြချိန်မှာတော့ အမှတ်ပေးဇယားကို ရတနာပုံက ရန်ကုန်ယူနိုက်တက်အသင်းအား ရမှတ်တူဂိုးကွာခြားချက်ဖြင့် ဦးဆောင်နေပြီး ရှမ်းယူနိုက်တက်အသင်းက တတိယနေရာကနေ ဖိအား ပေးနေပါတယ်။ GFA FC ၊ မကွေးအက်ဖ်စီနဲ့...

Top Goals Game Week 3

MPT Myanmar National League 2018 အမှတ်ပေးဘောလုံးပြိုင်ပွဲ (Week-3) အပြီးမှာ ရတနာပုံအသင်း တိုက်စစ်မှူး စည်သူအောင်ကပဲ ဂိုးသွင်းအများဆုံးနေရာမှာ ဆက်လက်ဦးဆောင်နေပါတယ်။ ဒါပေမယ့် စည်သူအောင်အနေနဲ့ ပြီးခဲ့တဲ့...

မကွေးဘောလုံးအသင်း ပရိသတ်များသို့ ပန်ကြားလွှာ

ဦးစွာပထမအနေဖြင့် ၂၀၀၉ ခုနှစ်မှစတင်၍ ယနေ့အထိ အစဉ်တစိုက် အားပေးလာခဲ့ကြသော မကွေးဘောလုံးအသင်း၏ ပရိသတ်များကို မကွေးဘောလုံးအသင်း၏ အုပ်ချုပ်/နည်းပြ/ကစားသမားများမှ အထူးကျေးဇူးတင်ရှိပါသည်။မကွေးဘောလုံးအသင်းအနေဖြင့် မကွေးတိုင်းတွင် အခြေစိုက်၍ မြန်မာ့ဘောလုံးလောကတိုးတက်လာစေရန် ရည်ရွယ်ဖွဲ့စည်းခဲ့ခြင်းဖြစ်သော်လည်း...

Tuesday, January 23, 2018

MPT Myanmar National League 2018 ပြိုင်ပွဲတွင် လအလိုက် အကောင်းဆုံးဆုများ ပေးအပ်သွားမည်

ကျင်းပလျှက် ရှိသည့် MPT Myanmar National League 2018 ပြိုင်ပွဲကြီးတွင် တစ်လချင်းအလိုက် အကောင်းဆုံး နည်းပြဆုနှင့် အကောင်းဆုံး ကစားသမား ဆုများကို ပေးအပ်ချီးမြှင့်သွားမည် ဖြစ်သည်။ အဆိုပါ လအလိုက် အကောင်းဆုံး ဆုများကို ၂၀၁၆ ခုနှစ်အထိ လစဉ် ပေးအပ်ခြင်း ရှိခဲ့သော်လည်း ၂၀၁၇ ခုနှစ်တွင် ပေးအပ်နိုင်ခဲ့ခြင်း မရှိပေ။လအလိုက်...

Top Goals

MPT Myanmar National League 2018 အမှတ်ပေး ဘောလုံးပြိုင်ပွဲရဲ့ ပွဲစဉ် (၂) အပြီးမှာတော့ ဂိုးသွင်းဘုရင် စာရင်းကို ရတနာပုံ အသင်းရဲ့ တောင်ပံကစားသမား စည်သူအောင်ကပဲ ဦးဆောင်ထားပါတယ်။ အဖွင့်ပွဲစဉ်မှာ တစ်ဦးတည်း...

MPT Myanmar National League (U-21) 2018 Week1

MPT Myanmar National League (U-21) 2018 အမှတ်ပေးဘောလုံး ပြိုင်ပွဲ (Week-1) အပြီး ရပ်တည်မှုအမှတ်ပေးဇယားပဲ ဖြစ်ပါတယ်။Week-1 မှာ ဆောက်သမ်းမြန်မာ ယူ-၂၁ အသင်း၊GFA FC ယူ-၂၁ အသင်း၊ မကွေးအက်ဖ်စီ ယူ-၂၁ အသင်း၊...

စီနီယာအသင်းဖော်များနှင့် တွဲဖက်ကစားခွင့်ရသည့်အတွက် ဂုဏ်ယူမိကြောင်း လူငယ်ကွင်းလယ်ကစားသမား မြတ်ကောင်းခန့် ဖွင့်ဟ

ယခုနှစ် MPT Myanmar National League 2018 ပြိုင်ပွဲဝင် ရတနာပုံအက်ဖ်စီအသင်းနှင့် အတူခြေစွမ်းပြ ကစား ကစားလျက်ရှိသည့် လူငယ်ကွင်းလယ်ကစားသမား မြတ်ကောင်းခန့်က စီနီယာအသင်းဖော်များနှင့် ကစားခွင့်ရသည့်အတွက် ဂုဏ်ယူမိကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။  “ကိုယ့်ထက်အသက်ကြီးတဲ့ ကစားသမားတွေနဲ့ ကစားခွင့်ရပြီး ခြေစွမ်းပြ...

Monday, January 22, 2018

MPT Myanmar National League 2018 ပွဲစဉ် (၁၅)၊ ပွဲစဉ် (၁၃) နှင့် ပွဲစဉ် (၁၁၅) တို့အား ကွင်းပြောင်းရွှေ့ကျင်းပသွားမည်ဖြစ်

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးမှ ၂၁ ရာစု ပင်လုံ ညီလာခံထောက်ခံပွဲအဖြစ် ငြိမ်းချမ်းရေးသီချင်း ဖျော်ဖြေခြင်း၊ ချစ်ကြည်ရေးဘောလုံးပွဲ ယှဉ်ပြိုင်ကစားခြင်း အစီအစဉ်များအား ရန်ကုန်မြို့၊ သုဝဏ္ဏကွင်း၌ ၂၇-၁-၂၀၁၈ ရက်နေ့တွင် ကျင်းပပြုလုပ်သွားမည်ဟု သိရပါသည်။သို့ဖြစ်ပါ၍ အဆိုပါ အခမ်းအနားနှင့် တိုက်ဆိုင်နေသဖြင့်...

Sunday, January 21, 2018

MPT Myanmar National League Week 2

MPT Myanmar National League 2018 ပွဲစဉ် (၂) အပြီး အမှတ်ပေးဇယား ထိပ်ဆုံးနေရာအား ရတနာပုံနှင့် ရန်ကုန်အသင်းတို့ ဆက်လက် ရယူထားနိုင်ဆဲ တွေ့ရမှာဖြစ်ပြီး ဂျီအက်ဖ်အေ အသင်းကတော့ အဆင့် ၃ နေရာမှာ ရပ်တည်နေတာ တွေ့ရပါတယ်။...

စစ်ကိုင်းယူနိုက်တက်ကို အနိုင်ကစားကာ အိမ်ကွင်းနိုင်ပွဲ စတင်ရယူခဲ့ သည့် ဟံသာဝတီ

MPT Myanmar National League 2018 အမှတ်ပေးဘောလုံးပြိုင်ပွဲ (Week-2) ပွဲစဉ်တစ်ပွဲအဖြစ် ဇန်နဝါရီ ၂၁ ရက်(ယနေ့)ညနေက ပဲခူးမြို့၊ Grand Royal Stadium တွင် ဟံသာဝတီအသင်းနှင့် စစ်ကိုင်းယူနိုက်တက်အသင်းတို့ ကစားခဲ့ရာ ဟံသာဝတီအသင်းက ၂-၁ ဂိုးဖြင့် အနိုင်ရခဲ့သည်။ဟံသာဝတီအသင်းနှင့် စစ်ကိုင်းယူနိုက်တက်အသင်းတို့၏ ပထမပိုင်းတွင်...

အိမ်ကွင်းတွင်သရေတစ်မှတ်ဖြင့်သာကျေနပ်လိုက်ရသည့်ဧရာဝတီ

MPT Myanmar National League 2018 (Week-2) ပွဲစဉ်တစ်ပွဲဖြစ်သည့်ဧရာဝတီအသင်းနှင့် ဆောက်သမ်းမြန်မာအသင်းတို့၏ ပွဲစဉ်ကို ယနေ့ ညနေ၃း၃၀က ပုသိမ်မြို့ကျောက်တိုင်ကွင်းတွင် ကျင်းပခဲ့ရာ နှစ်ဂိုးစီ သရေရလဒ်ထွက်ပေါ်ခဲ့သည်။ထိုပွဲတွင်ပွဲကစားချိန်၁၇မိနစ်တွင်...

အသည်းအသန်ကစားပြီး နောက်ကျဂိုးများကြောင့် ဇွဲကပင်ကို ရန်ကုန် အနိုင်ရ

ဒီကနေ့ ဇန်နဝါရီ ၂၀ ရက် ညနေပိုင်းက ရန်ကုန်ယူနိုက်တက် အသင်းရဲ့ အိမ်ကွင်းမှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ ရန်ကုန် ယူနိုက်တက်နဲ့ ဇွဲကပင် ယူနိုက်တက်တို့ရဲ့ MPT Myanmar National League 2018 ဒုတိယပတ် ပွဲစဉ်မှာ ရန်ကုန်ယူနိုက်တက်က ဇွဲကပင် ယူနိုက်တက်ကို အကြိတ်အနယ် ကစားပြီး နောက်ကျ သွင်းဂိုးတွေကြောင့် (၂-၀) ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။ ဒီပွဲမှာ...

Saturday, January 20, 2018

မြဝတီကို အနိုင်ကစားကာ နိုင်ပွဲစတင်ရယူခဲ့သည့် GFA FC အသင်း

MPT Myanmar National League 2018 ပွဲစဉ်(၂) ပွဲစဉ်တစ်ပွဲဖြစ်သည့်မြဝတီအသင်းနှင့်ဂျီအက်ဖ်အေအသင်းတို့၏ ပွဲစဉ်ကို ယနေ့ ညနေပိုင်းတွင်အောင်ဆန်းကွင်း ကျင်းပခဲ့ရာ ဂျီအက်ဖ်အေအသင်းမှ ၃-၀ ဖြင့်ဂိုးပြတ်အနိုင် ရရှိခဲ့သည်။ထိုပွဲတွင်ဂျီအက်ဖ်အေအသင်းအတွက် ဦးဆောင်ဂိုးကို တိုက်စစ်မှုး အန်တိုနီ ကပွဲချိန် ၁၉ မိနစ်တွင် သွင်းယူခဲ့...

နှစ်ပွဲဆက် အနိုင်ရလဒ်ဖြင့် အမှတ်ပေးဇယားကို ဆက်လက်ဦးဆောင်နိုင်ခဲ့သည့် ရတနာပုံ

ယနေ့ ညနေပိုင်းက မန္တလေးမြို့၊ မန္တလာသီရိကွင်း၌ ယှဉ်ပြိုင်ခဲ့သည့် MPT Myanmar National League 2018 Week 2 ပွဲစဉ်တွင် ရတနာပုံအက်ဖ်စီအသင်းက ဧည့်သည်ရခိုင်ယူနိုက်တက်အသင်းကို ၄-၂ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။  ရတနာပုံအသင်းမှာ ယခုပွဲ အနိုင်ရလဒ်ကြောင့် ရာသီအစနှစ်ပွဲဆက် အနိုင်ဖြင့် အမှတ်ပေးဇယားကို ဆက်လက်ဦးဆောင်နိုင်ခဲ့သည်။ ဧည့်သည်...

ရတနာပုံ-ရခိုင် - ၄:ဝဝ၊ မန္တလာသီရိ၊ (MNL FB Live)

ဧရာဝတီအသင်းအပေါ် ဂိုးပြတ်အနိုင်ရလဒ်နဲ့ မန္တလာသားတို့ရဲ့ ရာသီအဖွင့်က လှပခဲ့ပြီးပါပြီ။ ဒါဟာ အသင်းအတွက် ရလဒ်တစ်ခုတည်းသာမက ပြည်တွင်းထုတ်ကုန်တွေနဲ့လည်း စွမ်းနိုင်တယ်ဆိုတဲ့ အချက်ကို ပြိုင်ဘက်အသင်းတွေဆီ သတင်းစကားပါးလိုက်ခြင်းလည်း ဖြစ်ပါတယ်။ ဒီညနေမှာတော့ ရတနာပုံအသင်းဟာ ပွဲစဉ်(၂) အဖြစ် ရခိုင်ယူနိုက်တက်အသင်းကို...

Friday, January 19, 2018

Thursday, January 18, 2018

ပူးတွဲသရေတွေထက် ထူးကဲခြေစွမ်းတွေ ထုတ်ပြမယ့် အသင်းတွေက ဘယ်အသင်းတွေလဲ....MPT Myanmar National League 2018 ပွဲစဉ်(၂) ပွဲကြိုသုံးသပ်ချက်

ဇန်နဝါရီ ၁၁ ရက်က စတင်ကျင်းပခဲ့တဲ့ MPT Myanmar National League 2018 ပွဲစဉ်(၁) ကို လက်ဝှေ့စကားနဲ့ ပြောရရင် ရှေ့ထွက်သုံးပွဲ အထနှေးခဲ့တယ်လို့ ဆိုရမှာ ဖြစ်ပြီး အလူးအလဲနဲ့ ပူးတွဲသရေတွေ များခဲ့ပါတယ်။ ဒါပေမယ့် အဓိက စိန်ခေါ်ပွဲတွေအဖြစ် တင်စားရမယ့် လက်ကျန်သုံးပွဲက အပြန်အလှန်သွင်းဂိုးတွေနဲ့ မြိုင်ဆိုင်ခဲ့တာကြောင့်...

MPT Myanmar National League 2018 week 2

MPT Myanmar National League 2018 အမှတ်ပေးဘောလုံးပြိုင်ပွဲရဲ့ ပွဲစဉ် ၂ ပွဲစဉ်တွေကို မနက်ဖြန် ဇန်နဝါရီ ၁၉ ရက်မှာ ပြန်လည် စတင်ကျင်းပတော့မှာ ဖြစ်ပါတယ်။ ဒီတစ်ပတ်မှာ နောက်ဆုံး ၃ ပွဲဆက် နိုင်ပွဲပျောက်နေခဲ့တဲ့...

Tuesday, January 16, 2018

Week 1 Standing Table

MPT Myanmar National League 2018 ပွဲစဉ် (၁) အပြီး အမှတ်ပေးဇယားကို ရတနာပုံအက်ဖ်စီ အသင်းက ဂိုးကွာခြားချက်အသာနဲ့ ဦးဆောင်နိုင်ခဲ့ပါတယ်။ ရန်ကုန်အသင်းကတော့ နိုင်ပွဲ ရရှိခဲ့ပေမယ့် ဂိုးကွာခြားချက်ကြောင့် ဒုတိယနေရာမှာရပ်တည်နေတာ...

Top Goal Scorers List

MPT Myanmar National League 2018 အမှတ်ပေးဘောလုံး ပြိုင်ပွဲရဲ့ ပထမပတ် ပွဲစဉ်တွေ အပြီးမှာ အမှတ်ပေးဇယားကို ရတနာပုံ အသင်းက ဦးဆောင်နိုင်ခဲ့သလို ဂိုးသွင်းဘုရင် စာရင်းကိုလည်း ရတနာပုံကစားသမား စည်သူအောင်က ဦးဆောင်နိုင်ခဲ့တာ...

ရတနာပုံနဲ့ ဧရာဝတီပွဲမှ ထူးခြားချက်များ

မနေ့က ရတနာပုံနဲ့ ဧရာဝတီပွဲမှာ ထူးခြားချက် တွေရှိပါတယ်။ ထူးခြားချက်က ဘာလဲဆိုတော့...ပထမတစ်ချက်က မြန်မာ့လက်ရွေးစင် ယူ-၁၉ ကစားသမား တစ်ဦးဖြစ်တဲ့ မြတ်ကောင်းခန့်ဟာ ရတနာပုံအသင်းအတွက် ဒုတိယဂိုး သွင်းပေးခဲ့ပါတယ်။ မြတ်ကောင်းခန့်အနေနဲ့ စီနီယာအသင်း မှာ ပထမဆုံးပွဲထွက် ကစားလာခဲ့တာဖြစ်သလို ပထမ ဆုံးပွဲဦး ထွက်မှာပဲ ဂိုးသွင်းယူနိုင်ခဲ့တာလဲ...

Monday, January 15, 2018

ခြေစွမ်းအသာဖြင့် ဧရာဝတီယူနိုက်တက်အသင်းအား ရတနာပုံအသင်း အနိုင်ယူ

MPT Myanmar National League 2018 အမှတ်ပေးဘောလုံးပြိုင်ပွဲ (Week-1) ၏ ပွဲစဉ်တစ်ပွဲအဖြစ် ဇန်နဝါရီ ၁၅ ရက်(ယနေ့) ညနေက မန္တလာသီရိကွင်းတွင် ရတနာပုံအသင်းနှင့်ဧရာဝတီ ယူနိုက်တက် အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ အိမ်ရှင်...

လက်ရွေးစင်ဟောင်းများ၏ သွင်းဂိုးများဖြင့် တစ်မှတ်စီ ခွဲယူခဲ့ကြသည့် ဆောက်သမ်းနှင့် ဂျီအက်ဖ်အေ

MPT Myanmar National League 2018 (Week-1) ပွဲစဉ်တစ်ပွဲဖြစ်သည့်ဆောက်သမ်းမြန်မာအသင်းနှင့်ဂျီအက်ဖ်အေအသင်းတို့၏ ပွဲစဉ်ကို ယနေ့ ညနေပိုင်းက ဆောက်သမ်းမြန်မာအိမ်ကွင်းဖြစ်သည့် မော်လမြိုင်ကွင်း၌ ကျင်းပခဲ့ရာ တစ်ဖက် ၁ဂိုးစီဖြင့် သရေရလဒ် ထွက်ပေါ်ခဲ့သည်။ထိုပွဲတွင်ဆောက်သမ်းမြန်မာအသင်းအတွက် ဦးဆောင်ဂိုးကို ယခုနှစ်တွင်မှ...

အကြိတ်အနယ် ကစားပြီး ဟံသာဝတီကို အဝေးကွင်းတွင် ရန်ကုန် အနိုင်ယူ

MPT Myanmar National League (Week-1) ပွဲစဉ်​များမှ ပွဲစဉ်​တစ်​ပွဲဖြစ်​​သော ဟံသာဝတီ ယူနိုက်​တက်​အသင်း နှင့် ရန်​ကုန်​ယူနိုက်​တက်​အသင်းတို့၏ ပွဲစဉ်ကို ယ​နေ့ည​နေက ပဲခူးမြို့ရှိ ဟံသာဝတီ ယူနိုက်တက်၏ အိမ်ကွင်းဖြစ်သည့် Grand Royal ကွင်​းတွင် ယှဉ်​ပြိုင်​ကစားခဲ့ကြရာ ပွဲပြီးဆုံးချိန်တွင် အိမ်ရှင် ဟံသာဝတီအသင်းကို...

Saturday, January 13, 2018

ပွဲဦးထွက် မကွေးအသင်းထံမှ အဖိုးတန် သရေတစ်မှတ် ရယူနိုင်ခဲ့သည့် တန်းတက် မြဝတီအက်ဖ်စီ အသင်း

MPT Myanmar National League 2018 အဖွင့်ပွဲစဉ်များတွင် သုံးပွဲကစားပြီးချိန်အထိ အနိုင်အရှုံး ရလဒ်ထွက်ပေါ်လာခြင်း မရှိသေးဘဲ သရေရလဒ်များသာ ထွက်ပေါ်ထားသည်။ ယနေ့ညနေပိုင်းက အောင်ဆန်းကွင်း၌ ယှဉ်ပြိုင်ခဲ့သည့် နာမည်ကြီး မကွေးအက်ဖ်စီအသင်းနှင့် တန်းတက် မြဝတီအက်ဖ်စီ အသင်းတို့ ပွဲတွင် အကြိတ်အနယ် ရှိခဲ့သော်လည်း အဆုံးသတ်...

MPT Myanmar National League 2018 ပွဲစဉ် (၁) မြဝတီအက်ဖ်စီ ၀-၀ မကွေးအက်ဖ်စီ ပွဲအပြီး နှစ်ဖက်အသင်းနည်းပြ ပြောစကားများ

ပထမဆုံးပွဲဆိုတော့ အနိုင်ရလဒ်လိုချင်တာပေါ့နော်။ နိုင်ဖို့ အခွင့်ရေးတွေလည်း ရခဲ့ပါတယ်။ ဒါပေမယ့် တစ်ဖက်အသင်းဆိုတာလည်း ဖွဲ့စည်းတည်ဆောက်ထားတာ ကြာနေပြီဆိုတော့ ထင်သလောက်တော့ ဖြစ်မလာခဲ့ဘူး။ဂျီအက်ဖ်အေ အသင်းနဲ့ပွဲစဉ်အတွက် အကောင်းဆုံး ပြင်ဆင်သွားမှာပါ။ ဦးဇင်ထူး(မြဝတီအသင်းနည်းပြချုပ်) အသင်းက လူငယ်ကစားသမားတွေများတယ်။...

သရေရလဒ်ဖြင့်သာ ကျေနပ်ခဲ့ရသည့် လက်ရှိချန်ပီယံ ရှမ်းယူနိုက်တက်အသင်း

MPT Myanmar National League 2018 အမှတ်ပေးဘောလုံးပြိုင်ပွဲ ပွဲစဉ် (၁) ၏ ဒုတိယနေ့ ပွဲစဉ်အဖြစ် သုဝဏ္ဏကွင်း၌ ဇွဲကပင်ယူနိုက်တက်အသင်းနှင့် ရှမ်းယူနိုက်တက်အသင်းတို့ ယနေ့ယှဉ်ပြိုင်ကစားခဲ့ရာ ဂိုးမရှိသရေရလဒ်ဖြင့် ပြီးဆုံးခဲ့သည်။ ဇွဲကပင်အသင်းသည် ရာသီအစ ပွဲစဉ်များတွင် ရှမ်းယူနိုက်တက်အသင်းကို ဒုက္ခပေးလေ့ရှိသည့်အတိုင်း...

စစ်ကိုင်းယူနိုက်တက်အိမ်ကွင်းဖွင့်ပွဲနှင့် MPT Myanmar National League 2018 ပထမဆုံးအဖွင့်ပွဲစဉ်အပေါ် MPT COO ထုတ်ဖော်ချီးကျူး

ယခုရာသီတွင် MNL 1 ပြိုင်ပွဲသို့တန်းတက်ယှဉ်ပြိုင်ခွင့်ရရှိထားသည့် စစ်ကိုင်းတိုင်းဒေသကြီးကိုယ်စားပြု စစ်ကိုင်းယူနိုက်တက်အသင်း၏ အိမ်ကွင်းဖွင့်လှစ်ပွဲအခမ်းအနားနှင့် ၂၀၁၈ ဘောလုံးရာသီ MPT Myanmar National League 2018 အမှတ်ပေးပြိုင်ပွဲ၏ပထမဆုံးပွဲစဉ်အဖြစ် အိမ်ရှင်စစ်ကိုင်းယူနိူက်တက်နှင့် ရခိုင်ယူနိုက်တက်တို့၏ပွဲစဉ်ကို...

Friday, January 12, 2018

ဧရာဝတီယူနိုက်တက်ဘောလုံးအသင်း၏ Main Sponsor ၊ Kit Sponsor နှင့် Hydration Sponsor ပေးအပ်ခြင်းနှင့် စပွန်ဆာ စာချုပ် ချုပ်ဆိုခြင်း အခမ်းအနား ပြုလုပ်

MPT Myanmar National League 2018 ပြိုင်ပွဲဝင် ဧရာဝတီယူနိုက်တက်ဘောလုံးအသင်း၏ Main Sponsor ၊ Kit Sponsor နှင့် Hydration Sponsor ပေးအပ်ခြင်းနှင့် စပွန်ဆာ စာချုပ် ချုပ်ဆိုခြင်း အခမ်းအနားကို ယနေ့ မနက်ပိုင်းက Goal Hotel ရှိ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။အဆိုပါ အခမ်းအနားသို့...

ဇွဲကပင်ယူနိုက်တက်အသင်းနဲ့ ရှမ်းယူနိုက်တက်အသင်းတို့၏ ပွဲကြို ဆွေးနွေးသုံးသပ်ချက်

MPT Myanmar National League 2018 အမှတ်ပေးဘောလုံးပြိုင်ပွဲ (week-1)ရဲ့ ဒုတိယမြောက် ပွဲစဉ်တစ်ပွဲအဖြစ် ဇန်နဝါရီ ၁၂ ရက်(ယနေ့) ညနေ ၄းဝဝ နာရီ၊ သုဝဏ္ဏကွင်းမှာ ဇွဲကပင်ယူနိုက်တက်အသင်းနဲ့ ရှမ်းယူနိုက်တက်အသင်းတို့ ယှဉ်ပြိုင်ကစားကြမှာဖြစ်ပါတယ်။ လက်ရှိချန်ပီယံ ရှမ်းယူနိုက်တက်အသင်းနဲ့ ပွဲဦးထွက် တွေ့ဆုံနေတဲ့ ဇွဲကပင်ယူနိုက်တက်အသင်းဟာ...

ရှမ်းယူနိုက်တက်အသင်းထံမှ အမှတ်ခွဲယူနိုင်အောင် ကြိုးပမ်းမည့် ဇွဲကပင်ယူနိုက်တက်အသင်း

MPT Myanmar National League 2018 အမှတ်ပေးဘောလုံးပြိုင်ပွဲ Week-1 ၏ ဒုတိယပွဲစဉ်တစ်ပွဲအဖြစ် ဇန်နဝါရီ ၁၂ ရက်(ယနေ့) ညနေ ၄းဝဝ နာရီ၊ သုဝဏ္ဏကွင်းတွင် ဇွဲကပင်ယူနိုက်တက်အသင်းနှင့် ရှမ်းယူနိုက် တက်အသင်းတို့ ကစားကြမည်ဖြစ်ပြီး ဇွဲကပင်အသင်းအနေဖြင့် ရှမ်းယူနိုက်တက်အသင်းထံမှ အမှတ်ခွဲယူနိုင် အောင် ကြိုးစားသွားမည်ဟု...

Thursday, January 11, 2018

အိမ်ကွင်းဖွင့်ပွဲတွင် သရေတစ်မှတ် ရယူနိုင်ခဲ့သည့် စစ်ကိုင်းယူနိုက်တက်

MPT Myanmar National League 2018 အမှတ်ပေးဘောလုံးပြိုင်ပွဲ၏ Week-1 ပွဲဦးထွက်ပွဲစဉ်အဖြစ် ဇန်နဝါရီ ၁၁ ရက်(ယနေ့) ညနေက မုံရွာကွင်းတွင် စစ်ကိုင်းယူနိုက်တက်အသင်းနှင့် ရခိုင်ယူနိုက် တက် အသင်းတို့ ယှဉ်ပြိုင် ကစားခဲ့ရာ ဂိုးမရှိသရေကျခဲ့သည်။စစ်ကိုင်းယူနိုက်တက်အသင်းနှင့် ရခိုင်ယူနိုက်တက်အသင်းတို့သည် ပွဲစတင်သည်နှင့်တစ်ပြိုင်နက်...

Tuesday, January 9, 2018

ဇွဲကပင်ယူနိုက်တက်အသင်းနှင့် အသင်းနည်းပြချုပ် အပြောင်းအလဲ

MPT Myanmar National League 2018 အမှတ်ပေးဘောလုံးပြိုင်ပွဲစဖို့ ရက်အနည်းငယ်အလိုမှာပဲ ဇွဲကပင်ယူနိုက်တက်အသင်းဟာ အသင်းနည်းပြချုပ် အပြောင်းအလဲ လုပ်ခဲ့ပါတယ်။ ဇွဲကပင်အသင်း အပြောင်းအလဲ လုပ်လိုက်တဲ့သူက ဘယ်သူဖြစ်မလဲ......? နည်းပြသစ်ကရော ဘာများပြောထားလဲ....? ...

MPT Myanmar National League ၂၀၁၈ ခုနှစ် ပြိုင်ပွဲများအတွက် အရေးပေါ် အသက်ကယ်ခြင်း အခြေအနေနှင့် ဒိုင်လူကြီးဥပဒေသများ (Laws of the Game) နှင့် ပတ်သက်၍ မြန်မာနေရှင်နယ်လိဂ်ကလပ် အသင်းများအား ရှင်းလင်းဆွေးနွေးပြောကြားခြင်း အခမ်းအနားပြုလုပ်

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ ကြီးမှူးကျင်းပမည့် MPT Myanmar National League ၂၀၁၈ ခုနှစ် ပြိုင်ပွဲများအတွက် အရေးပေါ် အသက်ကယ်ခြင်း အခြေအနေနှင့် ဒိုင်လူကြီးဥပဒေသများ (Laws of the Game) နှင့် ပတ်သက်၍ မြန်မာနေရှင်နယ်လိဂ်အသင်းများအား ရှင်းလင်းဆွေးနွေးပြောကြားခြင်း အခမ်းအနားကို ယနေ့ညနေပိုင်းက သုဝဏ္ဏအားကစားကွင်းရှိ...

Sunday, January 7, 2018

ရာသီသစ်အတွက် မြန်မာ့လက်ရွေးစင် ယူ ၁၉ ကြယ်ပွင့် ကစားသမား သုံးဦးအား တစ်ပြိုင်တည်း ခေါ်ယူခဲ့သည့် ရတနာပုံအသင်း

ပြီးခဲ့သည့် ဘောလုံးရာသီတွင် ချန်ပီယံဆုဖလားကို ကာကွယ်နိုင်ခဲ့ခြင်း မရှိသည့် ရတနာပုံအက်ဖ်စီ အသင်းသည် လာမည့် ၂၀၁၈ ဘောလုံးရာသီ MPT Myanmar National League 2018 ပြိုင်ပွဲ အတွက် ကစားသမား ခေါ်ယူမှုကို အရှိန်အဟုန်မြှင့် ပြုလုပ်လျှက်ရှိသည်ကို တွေ့ရသည်။လာမည့် ၂၀၁၈ ဘောလုံးရာသီအား ပြည်တွင်းကစားသမားများဖြင့်သာ ဖြတ်သန်းမည်ဟု...

လက်ရွေးစင်ဟောင်း တိုက်စစ်မှူး ရန်ပိုင်အား နည်းစနစ်အကြံပေးအဖြစ် ရတနာပုံအသင်းခန့်အပ်

MPT Myanmar National League 2018 ပြိုင်ပွဲဝင် ရတနာပုံအက်ဖ်စီအသင်းသည် အသင်း၏ ကစားသမားဟောင်း ရန်ပိုင်အား နည်းစနစ်အကြံပေးအဖြစ် ခန့်အပ်ခဲ့ကြောင်း သိရသည်။ အဆိုပါ လက်ရွေးစင်ဟောင်း တိုက်စစ်မှူးသည် ၂၀၁၇ ဘောလုံးရာသီအပြီးတွင် ရတနာပုံအသင်းမှ အနားယူခဲ့သူဖြစ်ပြီး နည်းပြလောကသို့ ဝင်ရောက်ရန် ကြိုးပမ်းနေသူဖြစ်သည်။ရန်ပိုင်အား...

MFF Charity Cup 2018 ရာသီကြို ကွင်းဖွင့်ဖလားအား ရန်ကုန်ယူနိုက်တက်အသင်း ဆွတ်ခူး

ယနေ့ညနေပိုင်းက အောင်ဆန်းကွင်း၌ ကျင်းပပြုလုပ်ခဲ့သည့် MFF Charity Cup 2018 ရာသီကြို ကွင်းဖွင့်ဖလား ပြိုင်ပွဲတွင် ရန်ကုန်ယူနိုက်တက်အသင်းက ရှမ်းယူနိုက်တက်အသင်းကို ပင်နယ်တီအဆုံးအဖြတ်တွင် ၆-၄ ဂိုးဖြင့် အနိုင်ယူပြီး MFF Charity Cup 2018 ကို ရယူနိုင်ခဲ့သည်။ရာသီကြို ကွင်းဖွင့်ဖလားပွဲစဉ်ဖြစ်သည်နှင့် အညီ နှစ်သင်းစလုံးက...

Wednesday, January 3, 2018

ရတနာပုံ အသင်းမှာ မြန်မာ ယူ-၁၉ အသင်းမှ လူငယ်ကစား သမားများဖြစ်ကြသည့် ဝင်းနိုင်ထွန်း ၊ ပြည့်စုံနိုင် နှင့် မြတ်ကောင်းခန့် တို့အား တရားဝင်ခေါ်ယူ

ရတနာပုံ အသင်းမှာ 2018 MPT Myanmar National League အား ပြည်တွင်းကစား သမားဖြင့်သာယှဉ်ပြိုင် သွားမည်နှင့် အညီ ပြည်တွင်း လူငယ်ကစား သမားများအား ဦးစားပေး ခေါ်ယူမှု ပြုလုပ် ခဲ့ပြီး ယခုအခါမြန်မာ ယူ-၁၉ အသင်းနှင့် မြန်မာ ယူ-၂၃ အသင်းတို့တွင် ခြေစွမ်းပြ ကစားခဲ့သည့် ဝင်းနိုင်ထွန်း(ရှေ့တန်း) ၊ပြည့်စုံနိုင် (အလယ်တန်း)...

ဘောလုံးပွဲအားပေးရင်း ကုသိုလ်ထူးကြုံခွင့်ရမည့် ရာသီကြို MFF Charity Cup ပြိုင်ပွဲ

ရှမ်းယူနိုက်တက်နှင့် ရန်ကုန်ယူနိုက်တက်အသင်းတို့ ယှဉ်ပြိုင်မည့် MPT Myanmar National League ပြိုင်ပွဲအကြို MFF Charity Cup 2018 ပြိုင်ပွဲ (ရန်ပုံငွေဖလားပွဲစဉ်)ကို ဇန်နဝါရီ ၇ ရက် ညနေ ၃း၃၀ အချိန်တွင် ရန်ကုန်မြို့၊ အောင်ဆန်းကွင်း ၌ ကျင်းပသွားမည်ဖြစ်သည်။MPT Myanmar National League 2018 ရာသီကြို ကွင်းဖွင့်အလှူရန်ပုံငွေဖလား...